ဖေဖော်ဝါရီ ၁၄ ရက်နေ့က သူများအတွက်တော့ Valentine Day ဖြစ်ပေမယ့်
ဝိုင်းစုကတော့ တစ်ခါမှအဲဒီနေ့နဲ့ပတ…
Browsing the archives for the Uncategorized category
ဖေဖော်ဝါရီ ၁၄ ရက်နေ့က သူများအတွက်တော့ Valentine Day ဖြစ်ပေမယ့်
ဝိုင်းစုကတော့ တစ်ခါမှအဲဒီနေ့နဲ့ပတ…
ကျွန်တော်ရဲ့စာအုပ်က ငယ်ဘဝအကြောင်းတွေပါမှာပါ။ ဒါပေမယ့် Mini
ဆိုတာထက် တစ်ခုရှိ တာက လူတစ်ယောက…
ဖေဖော်ဝါရီ ၄ ရက်မှာ သွားရမယ့် မလေးရှားရှိုးကိုသွားရမယ်။
ဒီရှိုးလုပ်တဲ့အစ်မတွေက 8 Ladies Show တိုင်…
ကျွန်တော်အတွက်ကတော့ ဇာတ်ကားထဲမှာ တစ်ခန်းနှစ်ခန်းပဲပါရင်လုပ်တယ်။
ဇာတ်ဝင်ခန်း မရွေးဘူး။ …
လူသားတိုင်းမှာ မျှော်မှန်းချက် အသီးသီးရှိပါတယ်။
အနုပညာသမားများထဲမှာလည်း ဆိုင်ရာ ဆိုင်ရ…
မနန္ဒာ ခုဇာတ်ကားတွေပြန်ရိုက်နေတယ်ဆိုတာက ဝါသနာအရင်းခံပြီး
ပြန်ရိုက်ဖြစ်တာ။ ပြီး တော့မောင…
အိပ်မက်ဝတ်စုံ ဗီစီဒီအတွက် အချိန်ပေးနေတဲ့အတွက်
တစ်ကိုယ်တော်အခွေနည်းနည်းနောက် ကျမယ်။ ဆို…
ခန့်စည်သူ၊ ထွန်းထွန်း၊ ခင်လှိုင်၊ ဒိန်းဒေါင်၊
တင်မောင်ဆန်းမင်းဝင်း၊ မိုးပြည့်ပြည့်မောင်…
Second စီးရီးပြင်ဆင်နေပါပြီ။ Title ကတော့မပေးရသေးပါဘူး။
သမီးရဲ့ဒုတိယစီးရီးမှာ ပါဝင် သီဆိုမယ့်သူ…
ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ် အဲ့ဒီကားက
ဟာသကားဖြစ်တော့ သက်စွန့်ကြိုးပမ်းရိုက် ရတယ်။…
မျိုးမျိုးက သူများကန်တာပဲကြည့်ချင်တာ။ ကိုယ်ကိုယ်တိုင်ကန်ရတာကို
မကြိုက်ဘူး။ ကြောက် တယ်။…
သြဂုတ် ၁၈ ရက်နေ့မှာကျရာက်မယ့် မွေးနေ့မှာဘုရားသွားမယ်၊
ဘုန်းကြီးဆွမ်းလောင်းမယ်။ သင်္ကန်းလ…
သရုပ်ဆောင်မလုပ်ဖြစ်တာကြာပါပြီ။ အခုကျတော့ကိုဇော်နဲ့
ညီအစ်ကိုလိုနေတာ။ အဲဒါ
ကြောင့်ဒီကား…
ကိုယ်နဲ့ လိုက်ဖက်မယ့် Music ပါဝင်သရုပ်ဆောင်ရမယ်။ သူ့ရဲ့
အသက်အရွယ်စတာတွေကို အရမ်းမလိုက်ဖတ်ရ…
၂ဝ၁ဝ ဖေဖော်ဝါရီလက မလေးရှားပွဲနဲ့ ပြည်ပရှိုးကိုစပြီးသွားတယ်။ ကိုင်
ကဇူလိုင်၊ စက်တင် ဘာ၊ နိ…
ရှိုးပွဲနည်းတဲ့ မိုးရာသီမှာ ရတနာမိုင်လည်း သီးချင်းတွေ
သွင်းနေပါတယ်။ မိုင်လေးရဲ့ တစ် ကိုယ်တော်စီးရီးအတွက်
ဇွန်လကုန်လောက်မှာ ထွက်ဖို့ကြိုးစားနေပါတယ်။ ဗီစီဒီ အတွက် လည်းသီချင်း
၅ ပုဒ်လောက်ရိုက်နှင့်ပြီးပြီ ၅ ပုဒ်စလုံးမှာ
ကိုယ်တိုင်သရုပ်ဆောင်ထားပါတယ်။ အရင် မလေးရှိုးပွဲ အတွေ့အကြုံကြောင့်
မလေးရှိုးပွဲ ၃ ပွဲလောက်ကိုလက်မခံဖြစ်ဘူး။
ရိုးရာ သီချင်းနဲ့ပတ်သက်ပြီးတော့ မိုင်လေးရဲ့အယူအစက ဟိုးခေတ်ကလို
ဟဲဗီးလုပ်စရာမလိုဘူး။ အော်တာနေတစ်ပုံလေးနဲ့ ရခိုင်သီချင်းကို
မြန်မာသီချင်းလိုပြောင်းဆိုလို့ရသိလို မြန်မာသီချင်း ကိုလည်း
ရခိုင်လိုလည်းဆိုလို့ရတယ်။ နိုဝင်ဘာလမှာ ဂျပန်ရှိုးကို စိုးသူ၊ နေတို့
တို့နဲ့သွားမျာ ပါ။
ကိုးကား – နံနက်ခင်းဂျာနယ်
အခု တစ်ကိုယ်တော်အခွေက ပြီးတော့မယ်။
ပြီးရင်တော့တစ်ခါတည်းဗီစီဒီအရင်ရိုက်မယ်။ ဗီစီ ဒီရိုက်ပြီးမှ
စီစစ်ရေးကျလာလို့ရှိရင် စီဒီအရင်ထွက်မယ်။ စီဒီနဲ့ ဗီစီဒီ
သိပ်ပြီးမခြားချင်ဘူးလေ။ တခြားအတွဲခွေတွေမှာဆိုထားတာရှိတယ်။
ဒါပေမဲ့ မထွက်သေးဘူး။ No ကမိန်းကလေး Girl Brand အနေနဲ့
ချစ်စရာကောင်းတဲ့သီချင်းလေးတွေ၊ မိန်းကလေးတွေကို ကိုယ်စားပြုတဲ့သီ
ချင်းလေးတွေဆိုချင်တာပေါ့။
ရည်မွန်တစ်ကိုယ်တော်အခွေမှာကျတော့ အဲဒါလေးတွေနဲ့မတူ
တဲ့ဟာလေးတွေလုပ်ချင်တယ်။ No အနေနဲ့က
တစ်ယောက်တစ်လှည်စီဆိုရတဲ့ပုံစံမျိုး ၊ နည်း နည်းပျော့တယ်လေ။
တစ်ကိုယ်တော်အခွေမှာကျတော့ နည်းနည်းမာချင်တာလည်းပါတယ်။
လက်ရှိလူငယ်တွေကြားထဲမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို
တဲ့တိုးပွင့်ပွင့်လင်းလင်း ပြောတဲ့ မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်၊
အဲ့ဒီပုံစံလေးတွေများတယ်။
No နဲ့ ရည်မွန်ကွဲ ထွက်အောင်လုပ်မှာပါ။ တစ်ကိုယ်တော်အခွေထဲမှာ
သီချင်း ၁၃ပုဒ်၊ ၁၄ပုဒ်လောက်တော့ ထည့်ဖြစ်မယ်ထင်ပါတယ်။ ရည်မွန်ရေးတာ
၇ပုဒ်၊ ၈ပုဒ်လောက်ပါတယ်။ နောက်သူငယ်ချင်း တွေထဲက သူတို့ရေးထားတဲ့
သီချင်းတွေယူထားတာရှိတယ်။ သီချင်းပုံစံတွေက သူတို့ရေး
ထားတဲ့သီချင်းတွေယူထားတာလည်းရှိတယ်။
သီချင်းပုံစံတွေက Hip Hop အရမ်းအစစ်ကြီး တွေတော့မပါဘူး။ R&B
ဘက်နွယ်တာလေးတွေ၊ နည်းနည်းမြူးပြီး ကလို့ကောင်းတဲ့ Dance
ဘက်နွယ်တာလေးတွေပေါ့။ တွဲဆိုမယ့်သူတွေက တစ်ပုဒ်က စင်ဒီနဲ့
ကြိုးကြာရယ်၊ ရည်မွန် ရယ်၊ နောက် Ah.Boy က Featuring
ဝင်ဆိုထားတာတစ်ပုဒ်ပါတယ်။ ကျန်တာကတော့ အတွဲတစ်ပုဒ်ပါမယ်။
Melody ချည်းပဲ။ နှစ်ယောက်စလုံးအပြန်အလှန်ဆိုတဲ့ပုံစံလေး။ အဲ့ဒါက
တော့ ယောက်ျားလေးအဆိုတော်ကို မစဉ်းစားရသေးဘူး။
ကိုးကား – ပေါ်ပြူလာဂျာနယ်
လွန်ခဲ့သောရှစ်နှစ်ခန့်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းထုပ်ဝေနေသည့်
၇ ရက်သတင်းဂျာနယ် (7 Day News Journal)မှ သတင်းထောက်တစ်ဦးကို
ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် အ ကယ်ဒမီရုပ်ရှင်သရုပ်ဆောင်
ထက်ထက်မိုးဦးကို အရေးယူပေးပါရန် ယင်းသတင်းထောက်က မေလ ၂ဝ ရက်နေ့
ရက်စွဲဖြင့် ရန်ကုန်တိုင်းတရားရုံး၌ ဦးတိုက်လျှောက်ထားလိုက်ကြောင်း အ
ဆိုပါဂျာနယ်မှ အမှုဆောင် အယ်ဒီတာတစ်ဦးက The Voice Weekly
သိုပြောကြားသည်။
ပြီး ခဲ့သည့် မေလ ၁၉ ရက်နေ့ည ၈ နာရီက ရန်ကုန်မြို့ Sedona Hotel
Ball Room ရှေ့တွင် ထက်ထက်မိုးဦးက 7Days News ဂျာနယ်မှ
သတင်းထောက်အမျိုးသမီးကို စောင့်ဆိုင်း၍ ကိုယ်
ထိလက်ရောက်တုံ့ပြန်သည့်အတွက် ယခုကဲ့သို့ တရားစွဲဆိုခြင်းဖြစ်သည်ဟု ၎င်းက
ဆက်လက် ပြောကြားပါသည်။
“အခုပဲ အမှုတွဲကို ရုံးကလက်ခံလိုက်ပါပြီ။ တရားဥပဒေအရပဲ ဆက်လက်
ဖြေရှင်းမှာပါ။ အလုပ်တာဝန်ထမ်းဆောင်ရင်းဖြစ်တဲ့အတွက် ကျွန်တော်တို့ ၇
ရက်ဂျာနယ်ကလည်း ထက်ထက်မိုးဦးကိုတရားစွဲဖို့စီစဉ်နေပါပြီ” ဟုလည်း
ယင်းဂျာနယ်မှ အမှုဆောင်အယ်ဒီတာက ရှင်းပြသည်။
အဆိုပါသရုပ်ဆောင် မင်းသမီး၏ အိမ်ထောင်ရေး အခြေအနေနှင့်
ဆက်စပ်သောမေးခွန်းကြောင့် ယင်းကဲ့သို့
တုံ့ပြန်တိုက်ခိုက်သည်ဟုယူဆရပြီး သရုပ်ဆောင်မင်းသမီးက သတင်းထောက်ကို
ဆံပင်ဆွဲ၍ လည်ပင်းညစ်ခဲ့သည်ဟုလည်း 7 Day News ဂျာနယ်က ပြောဆိုသည်။
ကာယကံရှင် မင်းသမီးထက်ထက်မိုးဦးကို The Voice Weekly ကဆက်သွယ်
မေးမြန်းခဲ့သော်လည်း ကာယကံရှင်နှင့် တိုက်ရိုက်ဆက်သွယ်မရရှိဘဲ
တစ်စုံတစ်ရာရှင်းလင်း ဖြေကြားခြင်းမရှိပေ။
အနုပညာရှင်တစ်ဦးက မီဒီယာသမားတစ်ဦးကို ယခုကဲ့သို့ ကိုယ်ထိလက်
ရောက်တိုက်ခိုက်ခြင်းကို ဆန့်ကျင်ကြောင်းနှင့် သတင်းစာရှင်းလင်း
ပွဲတစ်ရပ်ကို 7 Day News ဂျာနယ်က ဦးဆောင်၍ပြုလုပ်သင့်သည်ဟု
အလင်းတန်းဂျာနယ်မှ တာဝန်ခံအယ်ဒီတာတစ်ဦး ကပြောကြားသည်။
7 Day New သတင်းထောက်နှင့် ထက်ထက် မိုးဦးတို့ အပြန်အလှန်
မေးမြန်မှုကို အသံသွင်းထားသည့်အသံဖိုင်အတိုင်း ဖော်ပြအပ်ပါသည်။
မေး ။ ။ ဟိုတစ်လောက နှလုံးနဲ့ ပတ်သက်ပြီးတော့
အနားယူနေတယ်လို့ပြောတယ်။
ဖြေ ။ ။ ဟုတ်တယ်။ အခုသက်သာသွားပြီ။
မေး ။ ။ ပထမဆုံးအနေနဲ့ အစ်မရဲ့ အခုလတ်ရှိဘဝလေးကို
အစ်မဘယ်လိုဖြတ်သန်းနေပါ သလဲ။
ဖြေ ။ ။ ဒီအတိုင်းပဲ ကောင်းပါတယ်။
မေး ။ ။ အစ်မ နည်းနည်းအဆင်ပြေပြေလေးဖြေပေးနော်။
အင်တာဗျူးကောင်းကောင်လေး ထည့်ချင်လို့။
ဖြေ ။ ။ ဟုတ်။ အဆင်ပြေပြေဖြေပေးဆို
မေးတဲ့အတိုင်းထက်ထက်ဖြေနေတာလေ။
မေး ။ ။ အစ်မရဲ့ ကျန်းမာရေးအခြေအနေအရ
နောက်ထပ်ကိုယ်ဝန်ဆောင့်ဖို့ အဆင်ပြေပါမ လား။
ဖြေ ။ ။ ဟုတ်။ ပြေပါတယ်။
မေး ။ ။ အဲဒါဘယ်တော့လောက်လဲမသိဘူး။
ဖြေ ။ ။ အဲဒါ မသိသေးပါဘူး။
မေး ။ ။ ဟိုတစ်လောကလေ အဲလိုမျိုးဖြစ်သွားတော့
အစ်မဘယ်လိုမျိုးခံစားရလဲ။
ဖြေ ။ ။ အဲဒီမေးခွန်းက မေးဖို့တောင် မသင့်ပါဘူး။
မေး ။ ။ အစ်မအမျိုးသားနဲ့ အစ်မဘယ်မှာတွေ့ခဲ့ကြတာလဲ။
ဖြေ ။ ။ ဒီကိစ္စအသေးအမွားလေးတွေကတော့
ထက်ထက်မဖြေချင်ပါဘူး။ ဒါတွေက အင် တာဗျူးထဲမှာ ထည့်တာတော့ထည့်လို့ရတယ်။
ထည့်လို့မရလို့တော့မဟုတ်ဘူး။ ဒါ တွေက ဘာမဟုတ်တဲ့
မေးခွန်းလေးတွေဖြစ်နေတဲ့အတွက်တခြား မေးခွန်းလေးတွေ မေးပါလားလို့ . . .
နော်။
မေး ။ ။ ပရိသတ်တွေကပြောကြတယ်။ ထက်ထက်မိုးဦးဘဝကို
ခဏခဏပြန်စနေရတယ်။ အဲဒီဝေဖန်မှုတွေကို အစ်မဘယ်လိုမျိုးခံစားရလဲ။
ဖြေ ။ ။ သွားလိုက်တော့။ နင်သွားလိုက်တော့ဟုဆိုသဖြင့်
အဆိုပါသတင်းထောက် မှာ တောင်းပန်ပြီး ခန်းမအပြင်သို့ထွက်ခဲ့ကြောင်း
ထက်ထက်မိုးဦးမှာခန်းမအပြင်ရောက် ရှိ နေပြီး သတင်းထောက်ကို
ဆံပင်ဆွဲပြီး ပါးရိုက်ကာလည်ပင်းကို လက်ဖြင့် ဆွဲညစ်ထား ခြင်းခံရသဖြင့်
လည်ပင်းတွင် လက်သည်းကုတ်ခြစ်ခံရပြီး ပေါက်ပြဲ ဒဏ်ရာရှိခဲ့ကြောင်း
ယင်းကြောင့် အဆိုပါသတင်းထောက်နှင့် 7 Day New
အယ်ဒီတာအဖွဲ့ကညတွင်းချင်း ရန်ကုန်မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့
သွားရောက်တိုင်ကြားခဲ့ပြီး မေလ ၂ဝ ရက်နေ့ နံနက် တွင် ရန်ကုန်မြို့နယ်
တရားရုံး၌ ပြစ်မှုကြီးအမှတ် ၁၈၂/၁ဝ၆ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့
ကြောင်း 7Day New အမှုဆောင်အယ်ဒီတာတစ်ဦးကဆိုပါသည်။
ကိုးကား – Voice
ဇွန်လ ၁၁ ရက်နေ့မှာ စင်ကာပူသွားမယ်။ ဘာသာရေး ဖျော်ဖြေပွဲတစ်ခုပါပဲ၊
အဲဒါပြီးတော့ ၁၅ ရက်နေ့ကို ဘန်ကောက်မှာ အာဆီယံပွဲသွားဖို့ရှိတယ်။
ဘာသာရေးဖျော်ဖြေပွဲက ရေဗက္က၊ ဆုန် သင်းပါရ်၊ စံပီးတို့နဲ့ပေါ့။
ရိုးရိုးရှိုးတွေနဲ့ ဘုရားကျောင်းရှိုးကို ဆိုရတာကွာခြားမှုရှိတယ်။ ဓမ္မ
တေးသီချင်းတွေကတော့ အများကြီးရှိပါတယ်။
ဒါပေမဲ့ ဓမ္မတေးသီချင်းအားလုံး အလွတ်မရ ဘူး။ အပြင်သီချင်းတွေက
အမြဲဆိုနေတဲ့အခါကျတော့ အလွတ်ရတာပေါ့။ ဓမ္မတေးသီချင်းဆို တဲ့အခါ
စာသားတွေမှားတာတို့၊ လွဲချော်မှုဖြစ်မှာကို အရမ်းစိုးရိမ်တယ်။
ဒီတစ်ခေါက်ပွဲကတော့ ၃၊ ၄ရက်ပါပဲ။ အာစီယံပွဲကတော့
မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့တက်ရမှာပါ။ သီချင်းဆိုရမှာ ပါ။
အာဆီယံဆယ်နိုင်ငံအပြင် ဂျပန်၊ ဟောင်ကောင်၊ ကိုရီးယား၊
သုံးနိုင်ငံပါပါမယ်။ တစ်နိုင်ငံ တစ်ယောက် အဆိုတော်တွေချည်းပဲ
ဖိတ်ထားတာပါ။
ဆိုရမှာက မြန်မာသီချင်းတစ်ပုဒ် အင်္ဂ လိပ်သီချင်းတစ်ပုဒ် ဆိုရပါမယ်။
မြန်မာသီချင်းကတော့ ငါတော့မှားပြီ သီချင်းဆိုမယ်။ အင်္ဂ
လိပ်သီချင်းကတော့ ရေဗက္ကသေချာမရွေးရသေးဘူး။ ငါတော့ မှားပြီသီချင်းက
အကတွေနဲ့ဆို မှာဆိုတော့ ဟိုရောက်ရင်ပြန်တိုက်ရဦးမယ်။ ဒါပေမယ့်
မြန်မာသီချင်းဆိုနေကျဆိုတော့ သိပ် ပြင်ဆင်စရာမလိုပါဘူး။
အင်္ဂလိပ်သီချင်းကတော့ ကြိုတင်ပြင်ဆင်သွားမယ်။ ဘာလို့လဲဆို
တော့ကြိုပြင်ဆင်သွားမယ်။ ဘာလို့လဲဆိုတော့ သူများနိုင်ငံက
အဆိုတော်တွေကလည်း လာ မှာဆိုတော့ ကိုယ့်ဘက်က လွဲချော်မှုမျိုး
မဖြစ်ချင်ဘူး။ အာဆီယံအတွက် ဖိတ်ခံရတာ သည် တစ်ခါနဲ့ဆို ၂ ခါရှိပြီ။
ပထမအကြိမ်က ဗီယနမ်သွားရတာပေါ့။
အဲ့ဒီတုန်းက Miss ပြိုင်သလိုမျိုး
အာဆီယံအလှမယ်ပုံစံမျိုးသွားရတာပေါ့။ အခုက အဆိုတော်အနေနဲ့ သွားရမှာပါ။
ဒါကြောင့် အခုတစ်ခေါက် ပိုပြီးအားရပါတယ်။ ပိုပြီးတော့လည်း
တာဝန်ကြီးတယ်။
သူတို့နိုင်ငံရဲပြန်ကြား ရေးဝန်ကြီးတွေနဲ့လည်းတွေ့ဖို့ရှိတယ်။
ဒါကြောင့်ကိုယ့်ရဲ့ ပြုမှုပြောဆို နေထိုင်ပုံတွေက မြန်မာ
နိုင်ငံကိုယ်စားပြုနေတယ်ဆိုတော့ ပိုပြီးတာဝန်ကြီးတယ်။ Band နဲ့ Dancer
ကတော့ဟိုကအဖွဲ့ တွေပါ။ သူတို့အစမ်းကျင့်ဖို့က ၃ ရက်အချိန်ပေးထားတယ်။
ပွဲကတစ်ရက်တည်းပါ။
ကိုးကား – ပေါ်ပြူလာဂျာနယ်
မိတ်ကပ်လိမ်းရင် အပါးလေး လိမ်းရတာကြိုက်တယ်။ မိတ်ကပ်လိမ်းတဲ့အခါ
ပညာရှင်တွေနဲ့ လိမ်းတာပို…